Insidious: The Last Key (2018) Trailer - 4KZUO

Tuesday, March 20, 2018

Insidious: The Last Key (2018) Trailer

Insidious: The Last Key (2018)Trailer
IMDb 5.8  🗽  | Horror, Mystery, Thriller | 5 January 2018 (USA) 







အယ်လိစ်ရိန်နီယာဟာ စိတ်နယ်လွန်ပညာရှင်တစ်ယောက် ဖြစ်ပြီး ပရလောကရဲ့ ဆန်းကြယ် တဲ့ အနှောင့်အယှက်တွေကို နှိမ် နင်းရာမှာ ကျော်ကြားသူတစ် ယောက်ပါ။ တစ်ရက်မှာတော့ အမျိုးသားတစ်ယောက်က အယ်လိစ်ဆီကို ဆက်သွယ်ပြီး အခြောက်အလှန့်တွေ ကြီးလွန်းတဲ့ သူ့အိမ်ကို လာကြည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီအမျိုးသားရဲ့ အိမ်က နယူးမက္ကဆီကိုပြည်နယ် Five Keys ကဖြစ်ပြီး တကယ်တော့ အယ်လိစ်မွေးဖွားကြီးပြင်းရာ အိမ်ဖြစ်ပါတယ်။ အယ်လိစ်ဟာ ဆန်း ကြယ်မှုတွေ အများကြီးရှိနေတဲ့ သူ့ရဲ့ အိမ်ဟောင်းဆီကို လုပ်ဖော် ကိုင်ဖက်နှစ်ယောက်နဲ့အတူ သွား ခဲ့ပါတယ်။ 
အိမ်ကြီးထဲက အခြောက်အ လှန့်တွေကို ငယ်ငယ်ကတည်းက ထိတွေ့ပြီးသား အယ်လိစ်အဖို့ နှစ်ပေါင်းများစွာကြာမှ ပြန်ထိ တွေ့တဲ့အခါမှာလည်း အသည်း ထိတ်စရာအဖြစ်အပျက်တွေက မရိုးရအောင်ကို ကြုံရပြန်ပါတော့ တယ်။
အယ်လိစ်နဲ့အဖွဲ့ဟာ အိမ်ကြီးထဲမှာ စက်ကိရိယာတွေနဲ့ စမ်းသပ်စစ်ဆေးရင်း ဟိုးတုန်းကတည်းကရှိနေခဲ့တဲ့ မကောင်းဆိုးဝါးတွေက အသစ် တစ်ဖန်ပြန်ပေါ်လာတဲ့အခါမှာ အယ်လိစ်တစ်ယောက် ရင် ဆိုင်ကျော်လွှားနိုင်ပါ့မလားဆိုတာတော့ ရင်ဖိုရင်း ဆက် ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါ တယ်။
ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက လင်းရှေး၊ ဟာနာဟေးယက်စ်၊ အန်ဂက်စ်ဆမ့်ဆန်၊ လေး ဝန်နယ်၊ ဂျော့ရှ်စတီးဝပ် စသူတွေပဲ ဖြစ်ပါတယ်။
ဇာတ်ညွန်းကို 7daydaily.com မှကူးယူဖော်ပြသည်။




Storyline

Parapsychologist Dr. Elise Rainier faces her most fearsome and personal haunting yet - in her own family home.

   
Movie Trailer





Rate this posting:
{[['']]}