Ouija 2 : Original Of Evil (2016) - 4KZUO

Saturday, January 14, 2017

Ouija 2 : Original Of Evil (2016)





Ouija 2 : Original Of Evil



   







           

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အ၀ိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီ
ကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..
၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး
၂. သချိုင်းမြေပေါ်မှာ မကစားရ
၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..
2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘ၀အကြောင်းပဲဖြစ်ပါတယ်… အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ၀ိဥာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်… တကယ်တော့ ၀ိဥာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်..
တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်… သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဥာဉ်တွေ နိုးထလာပါတော့တယ်… သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်… ၀ိဥာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား… ရောက်ရှိနေတဲ့ဝိဥာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ………………………….
လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ… သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်…


 Create Channel Myanmar 



                                         IMBd 6.2  1h 39min | Horror, Thriller | 21 October 2016 (USA)





                             Download And Watch HD 1280P


Rate this posting:
{[['']]}